ရွှေတောင် မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ရွှေတောင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ ဇယ်မကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၊  ဥယျာဉ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတော်ကြီးတွင် ယနေ့နံနက် (၉)နာရီကကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ကျင်းပရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  ဒေါက်တာအေးချမ်းဝင်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန  ဦးထက်အောင်လှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်ဝင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်နိုင်ဦးတို့ကကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)