တာမွေ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ သုံးရေပြတ်လပ်နေသဖြင့် သုံးရေ လုံလောက်စွာ ရရှိနိုင်စေရန်အတွက် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူများက သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအတွက် လိုအပ်သော သုံးရေများလှူဒါန်းပေးရာတွင် တာမွေမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင်ဦးဆောင်၍ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ ကျောင်းဝင်းအတွင်း သုံးရေရရှိစေရန်အတွက် ရေဂါလန်(၂၀၀၀) သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ထက်တံခွန် (ပြန်/ဆက်)