ကျောက်ဆည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောက်ဆည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်ရေး သဘာဝခေါင်း လျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုလုပ်နည်းပညာရပ်များကို ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်ပြည့်ဖြိုးအိက သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီပြုနည်းအဆင့်ဆင့်ကို အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၂၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၂ ရက်ကြာ အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး