မိုင်းယန်း မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဆွေးနွေးပွဲအခမ်းအနားကို မေ ၁၄ ရက် နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုခိုင်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချယ်ရီတီမှ သင်တန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဆီလူးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးတင့်မှ ဆရာ၊ ဆရာမများသင်ကြားပေးမည့် (ECCD) သင်တန်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ KG နှင့် G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းအား အခြေခံပညာအထက်တန်းကျောင်း (မိုင်းယန်း) ၌ (၁၄-၅-၂၀၂၆) ရက်နေ့မှ (၂၄-၅-၂၀၂၆) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး