တိုင်းဒေသကြီးအဆင့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲအခမ်းအနားကျင်းပ

အလုံ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အ.ထ.က (၄) အလုံ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့ ညနေပိုင်းကတိုင်းဒေသကြီးအဆင့် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)ဆွေးနွေးပွဲ ပြီးမြောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပညာ‌ရေးမှူးရုံးညွှန်ကြားရေးမှူး(ပညာ) ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုဒါရီကသင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့ကြ ပြီး သင်တန်းသား၊ သင်သားသူများကိုယ်စား ကျောက်တံတားမြို့နယ်၊ အ.မ.က (၅)ကျောင်းအုပ် ဆရာကြီး ဦးဝေနိုင်မြင့်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ပန်းကလေးများရဲ့ဥယျာဉ်မှူး၊ ရွှေသုန္ဒရီစသည့်သီချင်းများဖြင့် သင်တန်းသား၊သင်တန်းသူတို့က ဖျော်ဖြေတင်ဆက်ခဲ့ပြီး ညွှန်ကြားရေးမှူး(ပညာ) ဒေါ်စန်းစန်းဝင်းက ဆုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပညာ‌ရေးမှူးရုံးညွှန်ကြားရေးမှူး(ပညာ) ဒေါ်စန်းစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုဒါရီနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)