မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀နာရီက ၈၆လမ်း၊ ၂၁×၂၂လမ်းကြား၊ ပုလဲငွေရာင်ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလိမိတက်ဥက္ကဋ္ဌ သဘာပတိ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ(မြို့နယ်) ဒေါ်ဖြူဖြူသန့်က အမှာစကားပြောကြားသည်။
ထို့နောက် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်၏ရှေ့လုပ်ငန်းစဉ်များအားအတွင်းရေးမှူး ဦးမြလင်းက ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးရှင်းတမ်းအား စာရင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးစီးမှူး ဦးနေထွန်းမင်းက ဖတ်ကြားတင်သွင်းကာ သဘာပတိက ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ အတည်ပြုချက်ရယူပြီး တက်ရောက်လာသည့်အသင်းဝင်များက နားမလည်သည်များ မေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ အစုပေါ်အမြတ်ငွေ ၁၁ သိန်း၊ စုဆောင်းငွေပေါ်အတိုး ၅၈၄ သိန်း၊ အသင်းသားထောက်ပံ့ငွေကျပ်သိန်း ၁၁၀ တို့ကို မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသင်းသားများထံ ပေးအပ်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)