စဉ့်ကိုင်မြို့နယ်၌ နွေသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့၊ မြေဩဇာ နှင့်နည်းပညာပေးဆွေးနွေးပွဲကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (SMU) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမည့် နွေသီးနှံများ၊ ပိုက်ဆံလျှော်များ၊ ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား တောင်သူများထံသို့(အခမဲ့)ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲအခမ်းအနားကို စော်ရဲကျေးရွာ SMUခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်ငြိမ်းထွေး၊  စဉ့်ကိုင်မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် ခရိုင်/မြို့နယ် (SMS)များမှ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သတ်၍ မျိုး၊ မြေ၊ ရေ၊ နည်းပညာများအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများအား နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ပိုက်ဆံလျှော်သီးနှံများအတွက် မျိုးစေ့များ၊ ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)