မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအားဆန်များပေးအပ်

မဟာအောင်မြေ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်‌မော်အရှေ့ရပ်ကွက်၌ ငလျင်ဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်အုက်ချုပ်ရေးမှူးရုံး၌ ဆန်များ ထောက်ပံ့ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ သံလျက်မော် အရှေ့ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည် ၄၄၁ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း