ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဈေးကွက်‌စောင့်ကြည့် ကြည့်ရှု စစ်ဆေးခြင်းများဆောင်ရွက်

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ယမန်နေကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များပြုပြင်ရောင်းချမှုတွင် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစား‌‌အသောက်များ၏အမျိုးအစားနှင့် အရွယ်အစားပမာဏအလိုက် ပွင့်လင်းမြင်သာစွာဖြင့် ဖော်ပြစေရေး၊ အစားအသောက်များ ဆေးကြောသန့်ရှင်းသည့်ရေများ သန့်ရှင်းမှုရှိစေရေးနှင့် ကျန်းမာရေးညီညွတ်သော အစားအသောက်များ ရောင်းချရမည်ဖြစ်‌ကြောင်း ဆိုင်ရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူ‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့မှ ဒုဦးစီးမှူး‌ ဒေါ်စုစုခိုင်နှင့် ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်သန်းသန်းစိုးနှင့်ဝန်ထမ်းများပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 ဆွေနွယ်(ပြန်/‌ဆက်)