မြင်းခြံတက္ကသိုလ်၌ အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်

မြင်းခြံ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်‌အေးစိမ်းမိုးက အခြေခံရှေးဦးပြုစုခြင်းသင်တန်း တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအတွက် အသက်ရှုအားကူနည်း၊ နှလုံးနှိုးဆွနည်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်းနှင့် အခြားသိမှတ်ဖွယ်ရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို သုံးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၄၁ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)