ညောင်ဦး ဖေဖော်ဝါရီ ၂၀
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရောက်ရှိတော့မည့် (၈၁) နှစ်မြောက်တပ်မတော်နေ့ အကြို စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ရည်မွန်သူက (၈၁)နှစ်မြောက် တပ်မတော်နေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပုံပြင်ပြော ပြိုင်ပွဲများ တပ်မတော်နေ့အကြိုကျင်းပရခြင်းနှင့်ပြိုင်ပွဲစည်းကမ်းချက်များအားပြောကြားသည်။ ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့အားကျင်းပသည်။ စာစီစာကုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်က ရွှေဂူမိဘမဲ့ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းတွင် ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ စာစီစာကုံး၊ ကဗျာရွတ်၊ပုံပြင်ပြောပြိုင်ပွဲများတွင် ထက်/လယ်/မူ ကျောင်းသားကျောင်းသူ ၄၂ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကာ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း