ခရမ်း ဖေဖော်ဝါရီလ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ မောင်မင်းစိုး၏ ''လူငယ်နဲ့လူမှုရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Book Club အဖွဲ့ဝင် မသင်ဇာအောင်က စာရေးဆရာ မောင်မင်းစိုးရေးသားသည့် "လူငယ်နဲ့လူမှုရေး" စာအုပ်တွင် လူသားအားလုံးအတွက် လုပ်ဆောင်ကြရမည့် ကိစ္စများစွာရှိကြသည့်အနက် လူမှုရေးရာကိစ္စများသည်လည်း အရေးပါလှပါကြောင်း၊ လူငယ်များဘဝအောင်မြင်ကြီးပွား တိုးတက်ရေးအတွက် လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည် များစွာအထောက်အကူပြုပါ ကြောင်းနှင့် လူငယ်များအားလုံး သူတစ်ပါးအကျိုး သယ်ပိုးထမ်းဆောင်တတ်သည့် လူမှုဝန်ထမ်းစိတ်ပြည့်ဝသူများဖြစ်အောင် ကြိုးစားသင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မောင်ပိုင်ပိုင်ဖြိုးက လူငယ်များအားလုံးသည် အနာဂတ်၏ ကြယ်ပွင့်များဖြစ်ကြသည့်အတွက် လူမှုနယ်ပယ်တွင် ပိုမိုအလေးထားနေထိုင်သင့်ကြောင်း၊ လူမှုရေးညံ့ဖျင်းသူသည် အရာရာတွင်အောင်မြင်မှုမရရှိနိုင်ပါကြောင်းနှင့် လူငယ်များအားလုံး အများအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာပါ၀င်လုပ်ဆောင်သင့်ပါကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)