ကော့သောင်း ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ မျက်စိကုသဆောင်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်ကမျက်စိဝေဒနာရှင်များ အဆင်ပြေချောမွေ့စွာ စစ်ဆေးကုသမှုခံယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်ပစ္စည်းများနှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအား အဆင်ပြေချောမွေ့စွာဖြင့် အမြန်ဆုံးခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန်မျက်စိအထူးကုဆရာဝန်နှင့် စက်ပစ္စည်းစုံလင်စွာထားရှိ၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြား၍ မျက်စိကုသဆောင်အား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေပြည်သာရပ်ကွက်ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အလျား ပေ ၆၀၊ အနံ ပေ ၄၀ RCC နှစ်ထပ်ဆောက်လုပ်ခြင်းလုပ်ငန်းနေရာ သို့ သွားရောက်၍ အဆောက်အဦတည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှုကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)