တာလေမြို့၌ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပ

တာလေ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက နားယောင်းကျေးရွာအုပ်စု၊ နောင်မွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာလေမြို့တပ်နယ်မှူး၊ ဗိုလ်မှူးစိုင်းနန္ဒက အဖွင့်အမှာစကားပြောကြားပြီး တာလေမြို့ ချင်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးပါထန်က ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထန်က ချင်းအမျိုးသားနေ့အခမ်းအနားနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပြီး ချင်းတိုင်းရင်းသူ/တိုင်းရင်းသားများက ချင်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)