ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၌ ငှက်ဖျားရောဂါဆိုင်ရာ အသိပညာပေး၍ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး

ဖြူး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အတွင်းငှက်ဖျားရောဂါ ကူးစက်ပျံ့နှံ့မှု ပပျောက်နှိမ်နင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်‌ ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ဇေယျဝတီမြို့၊ ပြောင်သေကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါဆိုင်ရာ အသိပညာပေး၍ ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားအင်စပက်တော် ဦးဇော်လင်းမောင်နှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါသွေးဖောက်‌စစ်ဆေးခြင်း၊ ငှက်ဖျားရောဂါအန္တရာယ်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေး၍ အိမ်ထောင်စု(၈၆)စုအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)