ကျောက်တန်း ဖေဖော်၀ါရီ ၁၉
ကျောက်တန်းမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။ ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းများမှာ ဘောလုံးသင်တန်း၊ ဖူဆယ်သင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်း၊ ကရာတေးဒိုသင်တန်း၊ မြန်မာသိုင်းသင်တန်းများဖြစ်ပြီး ကျောက်တန်းမြို့နယ်၊ စံချိန်မှီဘောလုံးအားကစားကွင်း၊ မြို့နယ်အားကစားရုံနှင့် (အ.ထ.က-၂) သောကကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်သင်ကြားပေးဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများသည် ဖုန်းနံပါတ် (၀၉၂၆၂၅၂၉၄၃၈) သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)