တိုက်ကြီး ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများအား စိုက်ပျိုးချိန်အမီ ပံ့ပိုးပေးအပ်လျက်ရှိသည်။
မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုမှ တာဝန်ရှိသူများအနေဖြင့် ယခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန်နှင့် အဖျက်ပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်စေရန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အသီးအပွင့်အားတိုးဆေးများနှင့် သွင်းအားစုများအား နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လိုအပ်သည့်သွင်းအားစုများကို ကျေးရွာများရှိ နွေစပါးစိုက်တောင်သူများ၏ လက်ဝယ်အရောက် ပံ့ပိုးပေးခဲ့သည်။
တိုက်ကြီးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းတွင် အသင်း ၂၅ သင်း၊ အသင်းသား ၃၃၉ ဦး၊ လယ်ဧက ၂၇၂၂ ဧက၊အား ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစီမံကိန်းတွင် အသင်း ၂၀ သင်း၊ အသင်းသား ၁၄၀ ဦး၊ လယ်ဧက ၁၀၀၀ အား ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)