ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၀
ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ်ဦးဇော်မိုးဦး (တည်ဆောက်ရေး) နှင့် ဦးညီညီလွင် (မြို့ပြ) တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကုမ္ပဏီမှဆောင်ရွက်သည့် မဲဇလီစမ်း-သပြုစမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ မဲစလီစမ်း-သပြုစမ်း လမ်းအရှည် ၄၄၀၉ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကွန်းကရစ်ခင်းခြင်းကျေးရွာများမှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများ ပိုမိုမြှင့်မားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)