မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲဆက်လက်ပြုလုပ်သည်။ ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ အိမ်တွင်းအကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုးအသိပညာပေးဟောပြောပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များအား အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)