လမ်းမတော်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

လမ်းမတော် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး လိုက်လံနှိုးဆော်မှုအား ယမန်နေ့ည (၇) နာရီအချိန်က နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးဇော်အောင်ဦးဆောင်၍ တပ်ဖွဲ့ဝင် (၅) ဦးတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)