မဟာအောင်မြေ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်၊သံလျက်မော်အရှေ့ ရပ်ကွက်အတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းဆောင်ရွက်ရာတွင် မီးလောင်မှု၊ မီးလန့်မှုများမပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းအောင် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှမီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး အကြံပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။
အောင်ဇော်မင်း