ရေဖြူ၌ ကွမ်းသီးခြောက် ယခင်နှစ်ကထက် အထွက်နှုန်းတိုးသော်လည်း ဈေးကျ

ရေဖြူ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရာသီပေါ်ကွမ်းသီး ယခင်နှစ်ကထက် အထွက်နှုန်းတိုးသော်လည်း အခြောက်ဈေးနှုန်း ကျဆင်းလျက်ရှိသည်။

ရေဖြူမြို့နယ်တွင် ကွမ်းသီးခြံများမှ နိုဝင်ဘာလမှ စတင်ခူးဆွတ်အခြောက်လှမ်းလျက်ရှိရာ ယခု ဖေဖော်ဝါရီလအထိ အထွက်နှုန်းကောင်းဆဲဖြစ်သည်။ ယခင်နှစ်က ရာသီဉတုပူပြင်းသဖြင့် ကွမ်းသီးအထွက်နှုန်းကျဆင်းပြီး ကွမ်းသီးရှားသဖြင့် ကွမ်းသီးတစ်လုံးဈေး ကျပ် ၁၃၀၊ အခြောက်သား တစ်ပိဿာဈေးနှုန်း ကျပ်၂၀၀၀၀ ကျော်သည်အထိ ဈေးကောင်းခဲ့သည်။

ယခုနှစ်တွင် ရာသီကောင်းသဖြင့် အထွက်နှုန်းတိုးပြီး ကွမ်းသီးပေါများသဖြင့် တစ်လုံးဈေးမှာ ကျပ် ၆၀၊ အခြောက်သား တစ်ပိဿာ ကျပ်  ၁၁၅၀၀ရရှိသဖြင့် ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်း ကြောင်း သိရသည်။

“ခူးဆွတ်ခ၊ လုပ်အားခကြီးတော့ ဒီဈေးနဲ့ဆိုရင်တော့ တွက်ခြေသိပ်မကိုက်ဘူးပြောရမှာပေါ့ဗျာ၊ တစ်ပိဿာ ကျပ် ၁၅၀၀၀ ဈေးလောက် တက်လာမလား မျှော်နေရတယ်”လို့ ကွမ်းသီးခြံရှင် ဦးမိုး ထံမှ သိရသည်။

ခတ္တာ