တနိုင်း ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် Face to faceနှင့် Zoom link ဖြင့် သင်ကြားခြင်းကို ဖေဖော်ဝါရီ (၁၈)ရက် အ.ထ.က-၁ ပညာရတနာခန်းမ၌ သင်ကြားပို့ချကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြှင့်မားရေးအတွက် Face to faceနှင့် Zoom link ဖြင့်သင်ကြားရာ၌ အ.ထ.က-၁၊ အ.ထ.က-၂၊ လမုန်(ထ-ခွဲ) နှင့် တိန်ကောက်(ထ-ခွဲ) G-12 ကျောင်းသား/ သူများက သင်ကြားကြောင်း သိရသည်။
အဆိုပါအောင်ချက်မြှင့်မားရေး Face to face နှင့် Zoom link သင်ကြားရာတွင် ဖေဖော်ဝါရီ (၁၈)ရက်မှ (၂၀)ရက်နေ့အထိ နံနက် (၉ ) နာရီမှ နေ့လည် (၂)နာရီခွဲထိ တက္ကသိုလ်ပါမောက္ခများက ဘာသာရပ်အသီးသီးအလိုက် တစ်ဘာသာကို ၁ နာရီခွဲနှုန်းဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)