ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club, Youth Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေသားသော “ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀” စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြန်မာနိုင်ငံစာရေးဆရာများအသင်းအဖွဲ့ဝင် ဆရာမိုးမြေသစ္စာက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဆရာ မိုးမြေသစ္စာက စာရေးဆရာ ဒေါက်တာကျော်စိန် ရေသားသော “ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀” စာအုပ်အား ဦးဆောင်ဆွေးနွေးပြီး၊ Book Club အဖွဲ့ဝင်များဖြစ်ကြသော ကဗျာဆရာ ရာဇာငယ်ကနောင်၊ ဦးခင်မောင်ဌေး၊ ဦးသိန်းစိုး တို့က “သင့်ဘဝ သည် ရည်မှန်းချက်နှင့်အဓိပ္ပာယ်ရှိဖို့လိုပါသည်”၊ “ပျော်ရွှင်မှုအတွက် နည်းဗျူဟာသုံးပါး”၊ “ငွေပေးလို့ မရ မိတ်ဆွေဘဝ” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Book Club, Women Club, Youth Club များဖြစ်ကြသော ဒေါ်မိမိခိုင်၊ ဒေါ်မိုးမင်းစန်း၊ ဒေါ်စန်းစန်းမြင့်၊ ဒေါ်စပယ် တို့က စာအုပ်ပါ အကြောင်းအရာများအားလည်းကောင်း၊ စာဖတ်ဝိုင်းသို့ တက်‌ရောက်လာကြသော အဖွဲ့များက သိလိုသည်များအား မေးမြန်းကြရာ Book Club အဖွဲ့ဝင် ဆရာမိုးမြေသစ္စာ ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ မီးခိုးမြူငွေ့အန္တရာယ်နှင့် သဘာဝစွန့်ပစ်အမှိုက်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ Book Club, Women Club, Youth Club အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)