သာစည်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သာစည် ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည် ဆောင်ရွက်သည်။

ထိုသို့ အသိပေးရာတွင် နေအိမ်တိုင်း မီးချိတ်မီးကပ်၊ သဲ၊ လှေကား၊ ရေနှင့် မီးသတ် ဆေးဘူးများ ပြည့်စုံစွာထားရှိရန်၊ မီးဖိုမီးကိုအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ချိန်အတွင်း စနစ်တကျအသုံးပြုရန်နှင့် မီးကြွင်းမီးကျန်များကိုသေချာစွာငြှိမ်းသတ်ရန်၊ လျှပ်စစ်ပစ္စည်းများ၊ ဂက်စ်မီးဖိုများနှင့် မီးဘေးအန္တရယ်စိုးရိမ်ရသောလုပ်ငန်းများနှင့်ပတ်သက်၍ မီးဘေးလုံခြုံရေးဆိုင်ရာအချက်များကို လိုက်နာဆောင်ရွက်ကြရန် လက်ထောက်မီးသတ်ဦးစီးမှူးဦးဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များက အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်