မြို့သစ် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အွန်လိုင်းစနစ်ဖြင့် သင်ခန်းစာပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဝါးကြီးအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်တန်းပို့ချ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို မြေပြင်သာကျေးရွာ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၈)ဦး၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၁၅၀)ဦး၊ စုစုပေါင်း (၁၁၉၈)ဦး၊ ဆရာ၊ ဆရာမဦးရေ စုစုပေါင်း (၁၄၇)ဦး တက်ရောက်ကာ သင်တန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ မကွေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)