သာယာဝတီမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

သာယာဝတီ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်  ဖွင့်လှစ်သင်ကြား​လျက်ရှိသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းနည်းပြ အ.ထ.က(သုံးဆယ်)မှ အထက်တန်းပြဆရာကြီး ဦးလှဦးက အခြေခံပန်းချီးရေးဆွဲနည်းကို အခြေခံမှစတင်ကာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။

သင်တန်းသို့ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးအား  ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ (၂၁)ရက်နေ့ထိ နေ့စဥ် နံနက် ၁၀ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)