ညောင်တုန်း ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်စာစစ်ဌာနများ မီးဘေးလုံခြုံမှုရှိစေရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူနှင့်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတ်ဆေးဘူးထားရှိမှုနှင့် ရေလှောင်ကန်များထားရှိမှုစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုများ သွယ်တန်းထားရှိမှုများနှင့် မီးခလုတ်များ စစ်ဆေးခြင်းများကိုဆောင်ရွက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)