ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာဈေးအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ၂နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက ဖေဖော်ဝါရီ ၂၁ ရက် နံနက်၈နာရီတွင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကော်မတီ၀င်များမှ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)