ကျိုက်ထို ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် မိမိနေအိမ်၊ ဌာန၊ လုပ်ငန်းများတွင် မီးကိုလုံးဝပေါ့ဆစွာ မသုံးစွဲကြပါရန်နှင့်မီးလောင်မှု မဖြစ်ပွားအောင် မီးဘေးအန္တရာယ်ကို နေ့စဉ်သတိပြု၍ ကြိုတင်ကာကွယ်ခြင်းဖြင့် အနိုင်ယူသွားကြပါရန် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ဖြိုး