ပေါင် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယမန်နေ့နေ့နံနက် (၉) နာရီက ကဒါရပ်ကွက်မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီတစ်ပိဿာ ရည်ညွှန်းစျေး (၆၇၅၈) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) ကျပ်စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစျေးရောင်းချခြင်းကို စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေး ဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)