ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃) စိုက်ပျိုး/မွေးမြူရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အင်းစိန်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာနေခြည်နွေးနှင့် အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာခင်ခင်ကြီးတို့က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ဇီဝလုံခြုံမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ကြသည့် ဒေသခံတောင်သူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)