ဗိုလ်တထောင် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် နာတာရှည်အဆုတ်ရောဂါ စသည့်ရောဂါအခံရှိသူများအား အောင်ဆန်းအမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ (Myanmar Anti-TB Association) (MATA) က အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာသန်းထူးကိုဦးဆောင်၍ ဒေါက်တာသန်းထူးကိုနှင့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်မှ ၁ နာရီအချိန်ထိ အမှတ် ၁၀ ရပ်ကွက်၊ ၄၆ လမ်း မြို့နယ်ကျန်းမာရေးဌာနရုံးတွင် သွေးတိုးဆီးချိုလူနာများ၊ သက်ကြီးရွယ်အိုများ၊ တီဘီရောဂါသံသယရှိလူနာများအား ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ တီဘီရောဂါ ရှိ၊ မရှိ ဓာတ်မှန်ရိုက်၍ ရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုလူနာများအား ဆေးပေးခြင်း၊ တီဘီရောဂါ ရှိ၊ မရှိ အခမဲ့ ဓာတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့စစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးကုသမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆေးကုသရာတွင် ဆီးချိုလူနာ ၄၈ ဦး၊ သွေးတိုးလူနာ ၃၀ ဦး၊ အခြားလူနာ ၂၂ ဦး စုစုပေါင်းလူနာ ၁၀၀ ဦးအား စမ်းသပ်စစ်ဆေးကုသပေးရာ ထိုကွင်းဆင်းကုသဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက် )