ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား ကြက်ဥ ၁ လုံးလျှင် ၃၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊‌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က စတင်ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာ၌ ပြည်သူများအတွက် ကြက်ဥ ၁ လုံးလျှင် ၃၅၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၄၀၀၀ လုံး အား အမှတ် (၅) ရပ်ကွက်၊ ယောမင်းကြီးလမ်းနှင့် အမှတ် (၈) ရပ်ကွက်၊ ဇော်ဂျီလမ်းနှင့် ကံ့ကော်လမ်းထောင့်တို့တွင် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၇ နာရီ ၂၀ မိနစ်အချိန်မှ မွန်းတည့် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ