ညောင်ဦးမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံ​ပြကွက်နှင့်နွေနှမ်းသီးနှံပံ့ပိုး ပစ္စည်းပေးအပ် 

ညောင်ဦး ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိ​ရေးစံပြကွက် နှင့်နွေနှမ်းသီးနှံပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊နံနက် ၁၀ နာရီ ခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။

ပံ့ပိုးပစ္စည်းပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်ဌေးရီက သီးနှံများ ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် အသုံးပြုရမည့်မျိုး၊ ထည့်သွင်းရမည့်သွင်းအားစု ရေရရှိရေးများ စိုက်ပျိုးနည်းပညာများအား တောင်သူများအား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မျိုးစေ့တာဝန်ခံတို့က  တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ခဲ့ပြီး တောင်သူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း