သဲကုန်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်(၉) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာဥပဒေ၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသည့်နေရာများ၊ ကလေးသူငယ်များအား ခိုင်စေခြင်းမပြုရမည့်အလုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများပါရှိပြီး စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်နော်ဌေးဌေးမြင့်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများအား ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)