သရက်မြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး Online ဖြင့် ဆွေးနွေးပို့ချ

သရက် ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး Online ဖြင့် ဆွေးနွေးပို့ချခြင်းကို တက္ကသိုလ်များမှ သက်ဆိုင်ရာဘာသာအလိုက် တာဝန်ရှိသူများက ယနေ့ နံနက် (၉)နာရီတွင် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ Online ဖြင့် ဆွေးနွေးပို့ချခြင်းကို မကွေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက Zoom Application ဖြင့် သင်ကြားပေးခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်အလိုက် တာဝန်ရှိသူများက Online ဖြင့်  နံနက် (၉) နာရီမှ မွန်းလွဲ (၃)နာရီအထိ ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် ဖြေဆိုမှုပုံစံများကို သင်ကြားပို့ချသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၄၁၈)ဦးအား အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။       

ခရိုင် (ပြန်/ဆက်)