ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက တာကောက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှုမဖြစ်စေရန်၊ ခွေးကိုက်ခံရပါက မြို့နယ်ဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရန်နှင့် ခွေးမှတစ်ဆင့် ကျန်ရှိခွေးများသို့ ခွေးရူးရောဂါကူးစက်ခြင်းမရှိစေရန်၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ခွေးရူးရောဂါကူးစက်မှုမဖြစ်စေရန်နှင့် ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမက လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)