ပေါင်းတည်၌ နွေရာသီအားလပ်ရက် ကျောင်းသား ကျောင်းသူလေးများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်စာပေဖတ်ရှုလေ့လာ

ပေါင်းတည် ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူလေးများ မြို့နယ်ပြည်သူစာကြည့်တိုက်သို့ ဗဟုသုတစာပေများ လာရောက်ဖတ်ရှုလေ့လာလျက်ရှိသည်။

ယခုအချိန်၌ Grade.5၊ Grade.9 နှင့် Grade.12 တန်းများမှအပ အခြားအတန်း ကျောင်းသား ကျောင်းသူများသည် နှစ်ဆုံးစာမေးပွဲများပြီးဆုံးပြီဖြစ်သဖြင့် နွေရာသီကျောင်းပိတ်၍ အားလပ်နေကြပြီရာ ထိုကျောင်းသားကျောင်းသူလေးများသည်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့နှစ်သက်ရာ စာအုပ်စာစောင်များကို ဖတ်ရှု‌လေ့လာမှတ်သားခြင်းဖြင့် အချိန်ကို တန်ဖိုးရှိစွာအသုံးချလျက်ရှိသည်။

ငယ်ရွယ်သောကလေးများ၏ မိဘများကမူ မိဘကိုယ်တိုင်လိုက်ပါ၍ မိမိတို့ရင်သွေး သားသမီးလေးများကို ရုပ်စုံစာအုပ်များ ရှာဖွေပေးကာ ကြည့်ရှုလေ့လာစေလျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)