တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူငယ်ဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ”အမှန်တရားကို မြတ်နိုးသူ” စာအုပ်အား လေ့လာဖတ်ဖတ်ရှုကြပြီး ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၃နာရီက စာဖတ်ဝိုင်း ဆွေးနွေပွဲ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုမောင်က အသိအမြင်ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး “အမှန်တရားကို မြတ်နိုးသူ” စာအုပ်တွင်ပါရှိသော “ပထမခြေလှမ်း”၊ “ခေါင်းဆောင်မှု”နှင့် “ပြုံးသူအောင်နိုင်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ဆွေဆွေက “အမှန်တရားကိုမြတ်နိုးသူ”၊ “ပညာနှင့်တူသောအလင်း”နှင့် “ပျော်ရွှင်ခြင်းလက်ဆောင်”အစရှိသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးကြရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့မှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)