ခမောက်ကြီးမြို့၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် 191 စတေကာများကပ်ခြင်းဖြင့် အသိပညာပေး ဆောင်ရွက်

ခမောက်ကြီး ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် 191 စတေကာများ ကပ်ခြင်းဖြင့် အသိပညာပေး ဆောင်ရွက်မှုကို မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လူစည်ကားရာနေရာများ၊ ခရီးသွားလာပြည်သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ပြည်ထောင်စုလမ်းမကြီးတို့၌ မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် 191 စတေကာများ ကပ်ခြင်းဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)