ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများသို့ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်‌စေရေးကွင်းဆင်းစစ်‌ဆေး

ဒဂုံမြောက် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးလောင်မှု/ မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်ကျောင်းများအား မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်၊ သန္ဓေတပ်ဖွဲ့ဝင် (၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့နှင့်အတူ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေးအတွက် ပြည်သူများမီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ