ရွှေကျင် ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းတွင် “ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကျော်အောင်နှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။
အဆိုပါ ကျောင်းမီးဘေးလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်းကို ရွှေကျင်မူလတန်းကြိုကျောင်းဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)