တန့်ယန်း ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန် ပရိယတ္တိစာသင်တိုက်၌ (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဝင်္ကဘာဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကြီး၏ ဗုဒ္ဓပူဇနိယဝင်္ကဘာ ဘုရားပွဲတော်ကြီးအား နှစ်စဉ် ကျင်းပလာခဲ့ရာ ယခု (၂၆)ကြိမ်မြောက် ဝင်္ကဘာဘုရားပွဲတော်ကြီးတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ၊ ဝင်္ကဘာဘုရားပွဲ၊ စုပေါင်းရှင်ပြု အလှူတော်ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)