တွံတေး ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မွေးမြူရေးဇုန်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါမွေးမြူရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိမ်းမော်၊ ရန်ကုန်တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်နှင့် အဖွဲ့ဝင်(၇)ဦး၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇုန်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အဆိုပါမွေးမြူရေးဇုန်အစည်းဝေးခန်းမ၌ ဟောပြောခဲ့ကြသည်။
ယင်းနောက် ဇုန်တွင်ကျရောက်လျက်ရှိသော ရောဂါထိန်းချုပ်ကင်းစင်ရေး အထူးစီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း မွေးမြုရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံးမှ ပိုးသတ်ဆေး (10) kg၊ PPE အစုံ (၃၀)၊ လက်ကမ်းစာစောင်အစောင် (၃၀) နှင့် နံရံကပ်ပိုစတာ (၃၀) ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့မှ ဇုန်ကော်မတီသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ မွေးမြူရေးလုပ်ငန်းရှင် (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး