မချမ်းဘော ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မချမ်းဘောမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတူးဂျာကအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးအောင်မင်းဦးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များကို ဆွေးနွေးရှင်းလင်းခဲ့သည်။
ထို့နောက် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးနှံမှု မှတ်တမ်းဗွီဒီယိုများကို ဖွင့်လှစ်ပြသခြင်းနှင့် တက်ရောက်လာသူများကဆွေးနွေးခြင်း၊ မြို့နယ်ကျန်းမာရေးမှူးက ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင်များ၊ဌာနဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)