နောင်မွန်း ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ဝဏ္ဏကျော်ထင်ဂူရှင်ဖုန်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက် ၅ နာရီ မိနစ် ၃၀ တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးနမ်ရဲမင်နှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ၊ စာပေနှင့်ရိုးရာ ယဥ်ကျေးမှုအသင်းဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံလွှင့်တင်အလေးပြုခဲ့သည်။ ထို့နောက်နံနက် ၇နာရီတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနမ်ရဲမင်ကဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားကိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ စာပေနှင့်ရိုးရာ ယဥ်ကျေးမှု အသင်းဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ရပ် မိရပ်ဖများ(၁၀၀)ဦး ခန့်တက် ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)