တနိုင်း ဖေဖော်ဝါရီလ ၁၂
တနိုင်းမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက်ပိုင်း ၇နာရီ တွင် ဟူးကောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့်နိုင်ငံတော်အလံအား အလေးပြုခြင်း ဆောင်ရွက် ခဲ့ကြသည်။ ယင်းနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာ ကိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းကဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် စျေးရောင်းပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်စိုးတို့က အခမ်းအနားကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီးစျေးရောင်း ပွဲတော်အားလည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် (၇၉)နှစ်မြောက်ပြည်ထောင်စု အထိမ်းအမှတ်ဖြင့် မြို့နယ်ထွေထွေအုပ်ချုပ်ဦးစီးဌာနရှေ့တွင်ဌာနဆိုင်ရာများက အချိုရည်၊ ကောက်ညှင်းပေါင်း၊ မုန်မျိုးစုံ၊ မုန့်ဟင်းခါးများဖြင့် စတုဒီသာကျွေးမွေးခဲ့ကြကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက်ပြည်ထောင်စုအထိမ်းအမှတ်ဖြင့် အကပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)