မိုးကောင်းမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက် နံနက် (၇) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ချီးမြှင့်ခဲ့သည်။

သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ကချင်၊ ရှမ်းနှင့် တိုင်းလိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)