မိုးညှင်း ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သုံးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက စုပေါင်းရုံးရှိ ကွင်းပြင်၌ ကျင်းပသည်။
ဦးစွား သုံးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အသင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းမှ ဗိုလ်စွဲသွားခဲ့ပြီး အဆိုပါ ပိုက်ကျော်ခြင်း ယှဉ်ပြိုင်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်သူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိကြသည့် အသင်းများကို ဂုဏ်ပြုငွေသားဆုနှင့် ဆုဖလားဒိုင်းများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း